Saturday, October 11, 2025

🎨🌻 ဗင်းဆင့် ဗန်ဂိုး - နှသားနဲ့ ပန်းချီဆွဲခဲ့သူ ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက်နေ့ Zundert လို့ခေါ်တဲ့ ဟော်လန် ရွာလေးတစ်ရွာ အေးမြတဲ့ နွေဦးမနက်ခင်းတစ်ခုမှာ ကောင်လေးတစ်ယောက် မွေးဖွားလာခဲ့တယ် - သူ့နာမည်က ဗင်းဆင့် ဝီလင် ဗန်ဂိုး ပါ။ သူ့မမွေးခင် တစ်နှစ်အလိုကတည်းက ဗင်းဆင့်လို့ပဲ နာမည်ပေးထားတဲ့ ကလေးတစ်ယောက် အဖတ်မတင်ဘဲ မွေးဖွားခဲ့ဖူးတယ်။ တနင်္ဂနွေနေ့တိုင်း သူ့မိသားစုနဲ့အတူ သူ့နာမည်တပ်ထားတဲ့ သင်္ချိုင်းဂူကို ဖြတ်သွားရတယ်။ အဲ့ဒါကြောင့်လားမသိ ငယ်စဉ်ကတည်းက သူဟာ အခြားသူတွေထက် ကမ္ဘာကြီးကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားတယ် - ပျော်ရွှင်မှုက ပိုတောက်ပတယ်၊ ဝမ်းနည်းမှုက ပိုလေးလံတယ်၊ ချစ်ခြင်းမေတ္တာကလည်း ပိုပြီးနာကျင်စေတယ်။ ⸻ 🌾 အထီးကျန်တဲ့ စတင်မှု ဗင်းဆင့်ဟာ တိတ်ဆိတ်ငြိမ်သက်ပြီး သဘာဝကိုချစ်မြတ်နိုးတဲ့ ကလေးပါ။ လယ်ကွင်းတွေထဲ လှည့်လည်ကာ ငှက်တွေ၊ သစ်ပင်တွေ ဂျုံစပါးခင်းတွေပေါ်က အလင်းရောင်တွေ ပြောင်းလဲပုံကို တစ်ယောက်တည်း လေ့လာနေတတ်တယ်။ ဒါပေမယ့် သူဟာ ကျောင်းမှာရော၊ မိတ်ဆွေတွေကြားမှာပါ ဘယ်တော့မှ သင့်သင့်မြတ်မြတ်မနေတတ်ဘူး ။ သူ့စိတ်ဟာ အမြဲတမ်း မမြင်ရတဲ့ အရာတစ်ခုခုကို လိုက်ဖမ်းနေတယ်။ ဒီလိုနဲ့ အရွယ်ရောက် လာတဲ့အခါ The Hague၊ လန်ဒန်နဲ့ ပါရီမြို့တွေမှာရှိတဲ့ Goupil & Cie ဆိုတဲ့ ပန်းချီအရောင်း ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ လန်ဒန်မှာ သူ့နှလုံးသားဟာ ပထမဆုံးအကြိမ် အချစ်ကို တွေ့ခဲ့တယ် - Eugenie Loyer ဆိုတဲ့ အသက်ငယ်ငယ် မိန်းကလေးဟာ သူငှားနေတဲ့အိမ်ရှင်ရဲ့ သမီးပါ။ ဗင်းဆင့်ဟာ စာအုပ်တွေ၊ ပန်းပွင့်တွေနဲ့ ပြည့်နေပြီး အေးချမ်းတဲ့ သူမကို လက်ထပ်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒါပေမယ့် သူ့ခံစားချက်တွေကို ပြောပြလိုက်တဲ့အခါ သူမက ငြင်းပယ်လိုက်တယ် - သူမမှာ စေ့စပ်ထားတဲ့သူ ရှိနှင့်ပြီးသားပါ။ ဒါဟာ ဗင်းဆင့်ရဲ့ ပထမဆုံးသော အသဲကွဲဇတ်လမ်းဖြစ်ပြိး တိတ်တဆိတ် အက်ကြောင်းလေးတစ်ခု ကျန်ရစ်ခဲ့တယ်။ ⸻ ✝️ ကရုဏာရှိသော ဓမ္မဆရာ ဒီအပြီးမှာ ဗင်းဆင့်ဟာ ဘာသာရေးဘက်ကို လှည့်ခဲ့တယ်၊ သူ့ကိုယ်သူ မကုစားနိုင်တော့လို့ အခြားသူတွေကို ကုစားပေးချင်ခဲ့တယ်။ ဘယ်လ်ဂျီယမ်က ဆင်းရဲတဲ့ ကျောက်မီးသွေးတွင်းသမားတွေကြားမှာ သာသနာပြုတစ်ယောက်အဖြစ် သူတို့လို နေထိုင်ပြီး - သူ့အဝတ်အစားတွေကို ပေးဝေကာ၊ ကြမ်းပြင်ပေါ်မှာ သူတို့လိုအိပ် သူတို့လိုစားပြီး သူတို့ရဲ့ဝမ်းနည်းမှုကို မျှဝေခံစားပေးခဲ့တယ်။ ဘုရားကျောင်းကတော့ သူဟာ စိတ်ခံစားမှုများတယ် အမူအရာတွေ ထူးထူးဆန်းဆန်းလုပ်တတ်တယ်ဆိုပြိး မကြိုက်ကြပါဘူး။ သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြတယ်။ ဒါပေမယ့် ဗင်းဆင့်ရဲ့နှလုံးသားဟာ လူတွေအတွက် အမြဲ ပေးဆပ်နေချင်တာပါ - သူကြိုးစားနိုင်သမျှ ဘယ်နည်းနဲ့မဆို လူတွေကို ကူညီစောင့်ရှောက်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ပန်းချီဆွဲခြင်းဟာ သူ့အတွက် တစ်ခုတည်းသော လွတ်မြောက်အရာအဖြစ် တွေ့မြင်လာခဲ့တယ်။ ⸻ 🖌️ အနုပညာရှင်တစ်ဦး၏ မွေးဖွားခြင်း အသက် ၂၀ နောက်ပိုင်းမှာ သူပန်းချီဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ပန်းချီသာဆွဲချင်တာ သူဟာ ပန်းချီကို စနစ်တကျဆွဲဖို့ မသင်ခဲ့ဖူးဘူး။ သူ့အစောပိုင်းလက်ရာတွေဟာ မှောင်မည်းပြီး လယ်သမားတွေ လယ်ကွင်းထဲ ကိုင်းညွှတ်နေဟန်၊ ကြမ်းတမ်းပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာတွေ၊ လက်တွေကို အထူးပြုဆွဲတာများတယ်- အထူးသဖြင့် "အာလူးစားသူများ" ပန်းချီကားမှာပေါ့။ ဒါဟာ သရုပ်မှန်ပန်းချီပါ။ သူ့ညီဖြစ်သူ သီအိုက သူ့ကိုအရမ်းချစ်ပြီး သူ့ရဲ့ပါရမီကို ပန်းချီပညာမှာ မြင်လိုက်တယ်။ သီအိုက ပါရီမှာရှိတဲ့ ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်ပြီး အရောင်တွေသုံးဖို့၊ အရိပ်တွေတင်မကဘဲ အလင်းကိုပါ ဆွဲဖို့ ဗင်းဆင့်ကို အားပေးတိုက်တွန်းခဲ့တယ်။ သီအိုဟာ သူ့ရဲ့ယုံကြည်စိတ်ချရသူ၊ အကောင်းဆုံးသူငယ်ချင်းနဲ့ တစ်ခုတည်းသော ငွေကြေးထောက်ပံ့သူ ဖြစ်လာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ သူ့ကိုနားလည်တဲ့ ကမ္ဘာတစ်ခုအတွက် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ လွမ်းဆွတ်မှုတွေနဲ့ ပြည့်နေတဲ့ စာတွေကို ရာချီပြီး ဖလှယ်ခဲ့ကြတယ်။ ⸻ 💔 "ဘယ်တော့မှမဖြစ်" လို့ဆိုခဲ့သူ ညီအစ်မဝမ်းကွဲ ၁၈၈၁ ခုနှစ်မှာ ဗင်းဆင့်ဟာ ထပ်ပြီးချစ်မိသွားပြန်တယ် - ဒီတစ်ခါတော့ သူ့ညီအစ်မဝမ်းကွဲဖြစ်သူ မုဆိုးမ Kee ကိုပါ။ သူ့အချစ်ဟာ သူတို့နှစ်ယောက်စလုံးကို ကုစားနိုင်မယ်လို့ ယုံကြည်ကာ လက်ထပ်ခွင့်တောင်းခဲ့တယ်။ ဒါပေမယ့် Kee က "ဘယ်တော့မှ မဖြစ်နိုင်ဘူး" လို့ ဆိုပြီး ငြင်းဆိုခဲ့တယ်။ Kee ရဲ့ အဖေက သူ့ကို ထွက်သွားဖို့ပြောပြီး Kee နဲ့ ဇတ်လမ်းအဆုံးသတ် သွားပြန်တယ်။ ⸻ 🕯️ Sien - အမျိုးသမီးနှင့် နာကျင်မှု ၁၈၈၂ ခုနှစ်၊ The Hague မြို့မှာ ဗင်းဆင့်ဟာ Sien Hoornik ဆိုတဲ့ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်သူ မိခင်တစ်ယောက်နဲ့ တွေ့ပြန်တယ်။ သူမကို လက်ထပ်ချင်ခဲ့ပေမယ့် ဗင်းဆင့် မိသားစုက ကန့်ကွက်ပြန်တယ်။ သီအိုတောင် သဘောမတူဘူး။ သူတို့ရဲ့အချစ်ဟာ ပျက်လွယ်တယ် - အထီးကျန်မှု၊ ကရုဏာ၊ လိုအပ်ချက်တွေကနေ မွေးဖွားလာတာ။ အဆုံးမှာတော့ သူမကို စွန့်ခွာခဲ့တယ် - "ချစ်ခံရဖို့က အရမ်းခက်ခဲတယ်၊ စစ်မှန်စွာချစ်ဖို့ဆိုတာက ပိုပြီးတောင် ခက်ခဲပါသေးတယ်။" ⸻ ☀️ အဝါရောင်အိမ်၏ အိပ်မက် ၁၈၈၆ ခုနှစ်မှာ ဗင်းဆင့်ဟာ ပါရီမြို့ကိုပြောင်းရွှေ့ခဲ့တယ်၊ အဲဒီမှာ အင်ပရက်ရှင်းနစ်အနုပညာရှင်တွေဖြစ်တဲ့ - မိုနေး ‌ေဂါ်ဂင် - စတဲ့ သူမမြင်ဖူးတဲ့နည်းတွေနဲ့ အလင်းနဲ့အရောင်တွေကို ဆွဲကြတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ သူ ပန်းချီကားတွေကို စမ်းသပ်ပြီး စဆွဲတယ်။ သူ့ပန်းချီကားတွေဟာ တောက်ပြောင်တဲ့ အဝါရောင်၊ အပြာရောင်၊ အစိမ်းရောင်တွေနဲ့ ပေါက်ကွဲထွက်သွားခဲ့တယ်။ ဒါပေမယ့် ပါရီမြို့ဟာ ဆူညံပြီး ရှုပ်ထွေးကာ တိတ်ဆိတ်နေချင်တတ်တဲ့ ဗင်းဆင့်ရဲ့ စိတ်နဲ့ မကိုက်လှဘူး။ ဒါကြောင့် ၁၈၈၈ ခုနှစ်မှာ ပြင်သစ်တောင်ပိုင်းက Arles မြို့ကို ပြောင်းရွှေ့ခဲ့တယ် - နေရောင်ခြည်၊ လာဗန်ဒါပန်းတွေ၊ ရွှေရောင်လယ်ကွင်းတွေရဲ့မြို့ပါ။ အဲဒီမှာ အလင်းကို သူတွေ့ရှိခဲ့တယ် - သန့်စင်ပြီး နွေးထွေး၊ အဆုံးမရှိတဲ့အလင်းမျိုး။ "နေကြာပန်းများ"၊ "Café Terrace at Night"၊ "The Bedroom (French: La Chambre à Arles)"၊ စတဲ့ ပန်းချီကားတွေကို ဆွဲခဲ့တယ်။ သူက အနုပညာရှင်တွေ အချင်းချင်းပူးပေါင်းပြီး အနုပညာတွေ ဖန်တီးချင် ခဲ့တာပါ။ အဲ့တာနဲ့ Paul Gauguin ကို သူ့နဲ့အတူနေဖို့ ဖိတ်ခေါ်ခဲ့တယ်။ အစတုန်းကတော့ အဆင်ပြေပြေပါပဲ၊ နောက်ပိုင်းကျ သူတို့ရဲ့ မတူညီတဲ့ စရိုက်တွေက အငြင်းပွားစရာပါ။ အတ္တကြီးတဲ့ ‌‌ေဂါ်ဂင်နဲ့ ဗင်းဆင့်ရဲ့အလွန်အမင်းခံစားချက် တို့ဟာ ပြသနာကို ကြီးထွားလာစေတယ်။ ညတစ်ညမှာ အပြင်းအထန်ရန်ဖြစ်ပြီးနောက် ဗင်းဆင့်ရဲ့စိတ်ဟာ ဖောက်ပြန်လာခဲ့တယ် ။ စိတ်ဓာတ်ကျမှုအပြည့်နဲ့ ဓားပြားတစ်ချောင်းယူပြီး သူ့နားရွက်ရဲ့တစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်တယ်။ စက္ကူနဲ့ထုပ်ပြီး သူ မြတ်နိုးတဲံ အမျိုးသမီးတစ်ယောက်ဆီ ပေးပို့လိုက်တယ်။ သူဟာ သွေးယိုစီးကာ တစ်ယောက်တည်း ညဉ့်နက်ချိန်အထိ နေခဲ့ရတယ်၊ သူ့ပန်းချီကားတွေက နံရံကနေ တိတ်တဆိတ် ငေးကြည့်နေခဲ့ကြတယ်။ ⸻ 🌙 စိတ်ရောဂါဆေးရုံနှင့် ကြယ်တွေ အဲ့ဒီဖြစ်ရပ်တွေ အပြီးမှာ ဗင်းဆင့်ဟာ Saint-Rémy-de-Provence က သူ့ စိတ်ကျရောဂါကို ကုသဖို့ စိတ်ရောဂါဆေးရုံတစ်ခုကို တက်ရောက်ခဲ့တယ်။ အဲဒီမှာ နံရံတွေနဲ့ တိတ်ဆိတ်မှုတွေနဲ့ ဝန်းရံနေရစဉ် တခါမှမဆွဲဖူးတဲ့ ပန်းချီဆွဲခဲ့တယ်။ ညတစ်ညမှာ သူ့ပြတင်းပေါက်ကနေ အသက်ဝင်နေတဲ့ ကမ္ဘာကြီးကို ကြည့်တယ် - ထင်းရှူးပင်က အပေါ်ဘက်ကို ရောက်နေပြီး၊ ကြယ်တွေက လှည့်ပတ်နေကာ၊ လကြီးက ထိန်ထိန်ဝင်းလို့။ ဒီအချိန်ကစပြီး သူ့ရဲ့ပြောင်မြောက်လှတဲ့လက်ရာ ဖြစ်လာတယ် - "ကြယ်တွေစုံတဲ့ည (The Starry Night)"။ ဒီပန်းချီကားထဲမှာ စကြာဝဠာကြီးဟာ စိတ်ခံစားချက်တွေနဲ့ လှုပ်ရှားနေခဲ့တယ် - ကြယ်တိုင်းဟာ နှလုံးခုန်သံတစ်ချက်၊ လှည့်ပတ်မှုတိုင်းဟာ သက်ပြင်းချက်တစ်ချက်ပါ။ သူ့အစ်ကို သီအိုဆီကို ဒီလိုရေးသားခဲ့တယ် - "ငါ အိပ်မက်ထဲမှာ ပန်းချီဆွဲနေပြီး၊ အဲ့ဒီအိပ်မက်ကို ပန်းချီပြန်ဆွဲလိုက်တယ်" သူဟာ လူတွေဆီမှာ အချစ်ကို ထပ်မတွေ့နိုင်တော့ဘူး - ဒါကြောင့် ကောင်းကင်ကြီးထဲမှာ အချစ်ကို ရှာဖွေခဲ့တယ်။ ⸻ 💛 နောက်ဆုံးနေ့ရက်များ ၁၈၉၀ ခုနှစ်မှာ ဗင်းဆင့်ဟာ စိတ်ရောဂါဆေးရုံက ကိုယ့်သဘောနဲ့ကို ဆင်းလာပြီး Auvers-sur-Oise မြို့ကို ပြောင်းရွှေ့ခဲ့တယ်၊ စိတ်ရောဂါဆရာဝန် Dr. Paul Gachet ရဲ့ကြည့်ရှုစောင့်ရှောက်မှုနဲ့ပေါ့။ သူဟာ ပန်းချီတွေကို တစ်စိုက်မတ်မတ်ဆွဲနေခဲ့ပြီး- ရက် ၇၀ အတွင်းပန်းချီကားပေါင်း ၇၀ ကျော်ကို ဆွဲခဲ့တယ်။ ဒါပေမယ့် အတွင်းထဲမှာတော့ သူပင်ပန်းနွမ်းလျနေခဲ့ပါပြီ။ သူဟာ သူ့ညီ သီအိုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ခံစားနေရပြီး အခုဆိုရင် သီအိုမှာ ဇနီးနဲ့ ကလေးရှိလာပြီ။ နွေရာသီ နေ့လယ်ခင်းတစ်ခုမှာ ဗင်းဆင့်ဟာ ရွှေရောင်သမးနေတဲ့ ဂျုံစပါးခင်းထဲကို လမ်းလျှောက်ဝင်သွားခဲ့တယ် - သူအကြိမ်ရာချီပြီး ဆွဲခဲ့ဖူးတဲ့ ဂျုံစပါးခင်းမျိုးပါ။ သေနတ်သံကြောင်းပဲ့တဲ့သံတစ်ချက် ပဲ့ထွက်လာခဲ့တယ်။ နှစ်ရက်အကြာမှာ၊ ၁၈၉၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ သူဟာ သီအိုရဲ့လက်နက်ထဲမှာ ကွယ်လွန်သွားခဲ့တယ်၊ ခြောက်လအကြာမှာ သီအိုလည်း ကွယ်လွန်သွားခဲ့တယ်။ အခုတော့ သူတို့နှစ်ယောက်ဟာ Auvers မှာ နွယ်ပင်တွေ၊ နေကြာပန်းတွေအောက်မှာ ဘေးချင်းယှဉ်အိပ်စက်နေရပါပြီ။ ⸻ 🌻 ထာဝရ အလင်း ဗင်းဆင့်ဟာ သူ့ဘဝတစ်လျှောက်မှာ ပန်းချီကားတစ်ကားပဲ ရောင်းချနိုင်ခဲ့တယ်။ ဆင်းရဲခြင်းနဲ့ သေဆုံးသွားခဲ့တယ်၊ ကမ္ဘာကြီးက သူ့ကိုမနားလည်ဘဲ၊ မချစ်မြတ်နိုးခံခဲ့ရဘူး။ ဒါပေမယ့် ယနေ့ခေတ် သူ့နာမည်ဟာ အရင်ကထက် ပိုပြီးတောက်ပနေပါပြီ။ သူ့ရဲ့ "ကြယ်တွေစုံတဲ့ည"၊ "နေကြာပန်းများ"၊ "အာလူစားသူများ"ကျီးကန်းများနှင့် ဂျုံခင်း" - စတဲ့ပန်းချီကားတွေဟာ ကမ္ဘာ့နာမည်ကျေ် ပြတိုက်တွေမှာ ချိတ်ဆွဲပြသထားကြတယ်။ စက်ရာတိုင်းဟာ အချိန်ကာလတွေကို ဖြတ်ကျော်ပြီး ကျွန်ုပ်တို့ကို ပြောပြနေတဲ့ သူ့နှလုံးသားရဲ့အသံပါ - "နာကျင်မှုထဲမှာတောင် အလှအပရှိတယ်။ အမှောင်ထဲမှာတောင် အလင်းရှိတယ်။ အထီးကျန်မှုထဲမှာတောင်ပဲ အချစ်ရှိတယ်။" ဖြစ်နိုင်တာက သင် သူ့ပန်းချီကားတွေရှေ့မှာ ရပ်နေတဲ့အခါ - ကောင်းကင်ကြီး လှည့်ပတ်နေတာ၊ နေကြာပန်းတွေ တောက်လောင်နေတာ၊ ကြယ်တွေ လှုပ်ရှားမှုနဲ့ တုန်ခါနေတာကို သင်မြင်ရတဲ့အခါ - သင်ဆက်ပြီးခံစားရနိုင်တယ် - ကမ္ဘာကြီးကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အိပ်မက်တွေပါ။

No comments:

Post a Comment